ကျွန်တော်ရေးမယ့်အကြောင်းလေးကတော့ ဗုဒ္ဓဘာသာ အပေါ် ပညာရှိကြီးများ၏ အဆိုအမိန့်များဖြစ်ပါသည။် ဒေါက်တာမင်းတင်မွန်၏ " ဗုဒ္ဓဘာသာ စာရိတ္တပညာနှင့် ကျင့်ဝတ်များ " စာအုပ်မှ ကူယူရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မိတ်ဆွေ သူတော်စင် အပေါင်းတို့ မြင့်မြတ်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ...
(က) ဗုဒ္ဓဘာသာနှင့် လူမှု့ရေးဆိုင်ရာ ကောင်းကျိုးချမ်းသာ
ဗုဒ္ဓဘာသာ သည် မြင့်မားသော စံနမူနာများ၊ အဆင့်မြင့်သည့် စာရိတ္တနှင့်ဒဿနအတွေးခေါ်များ
၌သာ စိတ်ဝင်စားပြီးလျှင် လူတို့၏ လူမှုရေးဆိုင်ရာ ၊စီးပွားရေးဆိုင်ရာ ကောင်းကျိုးချမ်းသာများကို
လျစ်လျူရူထားသည်ဟု ထင်မြင်ယူဆခြင်းသည်မှား၏ ။ မြတ်စွာဘုရားသည် လူသားတို့၏ ပျော်ရွှင်ချမ်းသာမှု့၌ စိတ်ဝင်စားတော်မူ၏။
မြတ်စွာဘုရား၏ အလိုတော်အရ စာရိတ္တသိက္ခာနှင့် ဘာသာရေး သဘောတရားများတွင် အခြေခံထားသည့် သန့်ရှင်းသော ဘဝကို မနေထိုင်ဘဲနှင့် ချမ်းသာပျော်ရွှင်မှု့ကို မရနိုင်။ ထို့သို့
လေ့ကျင့်ရန် အထောက်အကူ မပြုသော ရုပ်ပိုင်းနှင့် လုမှုရေးဆိုင်ရာ အခြေအနေများတွင် ထိုသို့သော မှန်သောဘဝမျိုးကို နေထိုင်ရန် ခဲယဉ်းကြောင်းကို မြတ်စွာဘုရား သိတော်မူသည်။
ဗုဒ္ဓဘာသာသည် ရုပ်ပိုင်း ကြီးပွားချမ်းသာခြင်းကို ဘဝ၏ အဆုံးပန်းတိုင်ဖြစ်သည်ဟု မယူဆပါ။
ရုပ်ပိုင်းကြီးအပွားချမ်းသာခြင်းသည် ပို၍အဆင့်မြင့်၍ ပို၍မွန်မြတ်သော ဘဝပန်းတိုင်သို့ တက်လှမ်းရန် နည်းလမ်းတစ်ခုသာ ဖြစ်ပါ၏ ။ သို့သော် ရုပ်ပိုင်းကြီးပွားချမ်းသာခြင်းသည် လူသား၏ ချမ်းသာပျော်ရွှင်မှုအတွက် ပို၍မြင့်မားသော ရည်မှန်းချက်ကို ရရှိရန် မရှိမဖြစ် လိုအပ်သော နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာသည် စိတ်ပိုင်းဆိုင်ရာ အောင်မြင်ရေး အတွက် တစ်စုံတစ်ခုသော အနည်းဆုံး အတိုင်းအတာအထိ ရုပ်ပိုင်းအခြေအနေ၏ အထောက်အကူ လိုအပ်သည်ကို မြတ်စွာဘုရား အသိအမှတ်ပြုတော်မူ၏ ။ ဆိတ်ငြိမ်ရာ၌ တစ်ဦးတည်း ဘဝနာရုူပွားနေသော ရဟန်းတော်ပင် ပစ္စည်းလေးပါး အထောက်အပံကို လိုအပ်ပါသည်။
(ဆရာတော် ဒေါက်တာ ဝေါ်ပိုလာရာဟုလာ)
(ခ) လူမှုရေးနှင့် စာရိတ္တစည်းမျဉ်း
ဗုဒ္ဓဘာသာ ပြုပြင်မှု၏ အရေးကြီးဆုံးသော သော့ချက်သည် ဗုဒ္ဓဘာသာ လူမှုရေးနှင့် စာရိတ္တစည်းမျဉ်းကို ဆန်းစစ်ကြည့်လျှင် ကမ္ဘာက သိရှိထားသော စာရိတ္တစည်းမျဉ်းများအနက် အပြစ်အကင်းဆုံး အပြည့်စုံဆုံး စည်းမျဉ်းတစ်ရပ်ဖြစ်သည်ကို တွေ့ရပေမည်။ ဤအချက်နှင့် ပတ်သတ်၍ ရန်သူ ရပ်ကွက်များမှ လည်ကောင်း၊ မိတ်ဆွေရပ်ကွက်များမှ လည်းကောင်း လာသမျှသော ထောက်ခံချက်များမှ သဘောတူညီမှု ရှိကြပါသည်။ဒဿနိက ပညာရှင်များသည်လည်းကောင်း၊ ဘာသာရေးဟောပြောသူများ၊သိမ်မွေ့သည့် ဘဝဖြစ်တည်မှုနှင့် အမှန်တရားတို့ကို လေ့လာသူများ၊
ငြင်းချက်ထုတ်သူများသည်လည်ကောင်း ရှိကောင်းရှိကြပါလိမ့်မည်။ သို့သော် ဤသို့သော မေတ္တာတရား၏ မွေးဖွားလာခြင်းကို ကျွန်ုပ်တို့ အဘယ်မှာတွေ့မြင်အံ့နည်း- ဤမေတ္တာတရားသည်
အမျိုးဇတ် ၊ အယူဝါဒ နှင့် အသားအရောင်တို့ကို ခွဲခြားခြင်းမပြုပါ၊ သနားကြင်နာသူ၏ နယ်နမိတ်ကိုပင် ပြည့်လျှံ့သွားစေမည့် မေတ္တာ၊ အဟုန်ပြင်းစွာပျံနှံ့သွားရာတွင် အာရုံခံစားတတ်သည့် သတ္တဝါအာလုံးကို ထွေးပိုက်နိုင်သော စကြာဝဌာ မေတ္တာနှင့် အကြင်နာတရားတို့၏ လမ်းညွန်သြဝါဒ ကျမ်းစာအဖြစ် ပုံဆောင်ထားသော မေတ္တာဖြစ်သည်။
(ဂျာမန်ပညာရှင် ပါမောက္ခမက်ခ်စ်မူလာ)
(ဂ) စာရိတ္တသည် လွပ်လပ်မူအပေါ် အခြေခံ၏
ဗုဒ္ဓဘာသာ စာရိတ္တအကျင့်ကောင်းများသည် လူတစ်ဦးစီ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့် လွပ်လပ်မှု့အပေါ်တွင် အခြေခံ၏ ။ သို့အတွက် ၎င်းသည် ဆက်သွယ်မှု့၏ သဘောရှိ၏ ။ အမှန်တွင် ကျွန်ုပ်တို့၏ ကိုယ်ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦးဦး၏ အတင်းအကျပ် ပြုလုပ်ခိုင်းခြင်း သို့မဟုတ် ဆုံးဖြတ်ခြင်း ရှိနေလျှင် စာရိတ္တအခြေခံမှုမရှိနိုင်ပါ ၊ ကိုယ်ကျင့်တရား၏ အခြေခံသဘောလည်း မရှိနိုင်ပါ ။
(ဂျာမန်ပညာရှင် အနဂါရိက၊ဘီ၊ဂိုဗင်ဒါ)
(ဃ) သူ၏ မိန့်ဆိုချက်များသည် လတ်ဆတ်ပြီး လက်တွေ့ကျ၏
လူအချင်းချင်းအကြား၌ ထားရှိရမည့် မေတ္တာနှင့် စိတ်ကောင်းရှိမှု့ဆိုင်ရာ မြတ်စွာဘုရား၏ တရားတော်ကို ဤနေရာ၌ အခြားနေရာ သူများတကာထက် နားလည်နိုင်စေသော ပိုမိုအသေးစိတ်မှု့များနှင့် တကွ အိမ်တွင်းရေးနှင့် လူမှုရေးနှင့် စာရိတ္တပညာတွင် ထည့်သွင်းဟောကြားထားတော်မူ၏ ။ စည်းကမ်း ၊စည်းမျဉ်းဖြစ်သည့် ဝိနည်းသည် အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းင်္ပြီး အခြေခံကျသော ကိုယ့်ကျင့်တရားများကို အလွန်ကြီးမားသည့် အသိဥာဏ်ပညာနှင့် သတ်မှတ်မိန့်ဆိုထားချက်များဖြစ်၏ ။
ထိုအဆိုအမိန့်များသည် ထိုစဉ်အခါက အိန္ဒိယနိုင်ငံတွင် အကျိုးသက်ရောက်စေခဲ့သလို ယခုတွင်လည်း တန်းတူပင် သစ်ဆန်း လတ်ဆတ် ၊ လက်တွေ့ကျပြီး ပေါင်းစည်းနိုင်စွမ်းရှိသည်ဟု မှန်ကန် စွာ ဆိုနိုင်ပါ၏။
ဂင်္ဂါ မြစ်ကမ်းပေါ်ရှိ ကျေးရွာများ သို့မဟုတ် မျိုးရိုးစုများသည် အလွန်ချမ်းမြေ့ ပျော်ရွင်ကြပေလိမ့်မည်၊ ထိုလူတို့သည် အပေါင်းအဖော် ခံစားမှူ၏ ကြင်နာသော စိတ်ဓါတ်နှင့် လည်ကောင်း ၊ တရားမျှတမှု၏ မွန်မြတ်သည့် စိတ်ဓါတ်နှင့်လည်းကောင်း ပြည့်ဝနေကြလိမ့်မည် ။ ထိုစိတ်ဓါတ်တို့သည် ဤဖြောင့်မတ်၍ ရိုးရှင်းသော အဆိုအမိန့်များတွင် အသက်ဝင်လျှက် ရှိကြသည်။
(အင်္ဂလိပ်ပညာရှင် ပါမောက္ခရိုက်စ်ဒေးဗစ်)
(င) ပညာနှင့် သီလ
ဗုဒ္ဓဘာသာ တွင် အသိပညာဥာဏ် မရှိဘဲနှင့် စစ်မှန်သော ကိုယ်ကျင့်တရား (သီလ) မရှိနိုင်ပါ၊ ကိုယ်ကျင့်တရား မရှိဘဲနှင့်လည်း စစ်မှန်သော အသိပညာဥာဏ် မဖြစ်နိုင်ပါ။ ပညာနှင့် ကိုယ်ကျင့်တရားတို့သည် မီးတောက်တွင် အပူစွမ်းအင် နှင့် အလင်းရောင်တို့ ပေါင်းစပ်နေကြသလို ပေါင်းစပ်နေကြ၏ ။ "ဗောဓိ " ခေါ် မဂ်ဥာဏ် သည် အသိပညာ ပွင့်လင်းခြင်းမျှသာ မဟုတ်ဘဲ သီလ မဂ္ဂင်သုံးပါးနှင့် အတူ သနားကြင်နာမှုလည်း ပါဝင်နေ၏ ။ ကိုယ်ကျင့်ဆိုင်ရာ မွန်မြတ်ခြင်းကို သိသောစိတ်သည်"ဗောဓိ" ၏ တကယ့်အနှစ်သာရ ဖြစ်၏ ။
(ဘိက္ခုဓမ္မပါဘ)
Melbourne near me Trusted Removalist
6 months ago




0 comments:
Post a Comment