ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေလို


ငါးပါးသီလသည် အလွန်အရေးကြီး၏။ ငါးပါးသီလကို စောင့်ထိန်းရုံဖြင့် ဒုစရိုက်(၁၀) ပါးကို ရှောင်ကြည်ပြီး သုစရိုက်(၁၀)ပါးကို ဖြည့်ကျင့်
ရာရောက်၏ ။ဒုစရိုက်ကိုကျုးလွန်တတ်သောအကြမ်းစားကိလေသာများ
ကိုလည်း ဖယ်ရှားချိုးနှိမ်ပြီး ဖြစ်သွားသည့် အတွက် စိတ်ကို ဖြူစင်
စေရာလည်း ရောက်၏ ။
ငါးပါးသီလ၏ ပထမ သိက္ခာပုဒ် သုံးခုဖြင့် ကာယဒုစရိုက် ၃ ပါးကို ရှောင်ကြည်၏ ။ စတုတ္ထသိက္ခာပုဒ်ဖြင့် မုသာဝါဒနှင့်တကွဝစီဒုစရိုက်၎ပါးစလုံးကိုရှောင်ကြည်ရ၏။သူတစ်ပါး၏အသက်ကိုမသတ်ဘူးဟုဆုံးဖြတ်ထား
သူသည် သတ်ရန်ကြံစည်ခြင်းကိုလည်း ပြုလုပ်တော့မည်
မဟုတ်တော့ချေ။ ထို့ကြောင့် ဗျာပါဒကို ရှောင်ရှားပြီးသား ဖြစ်သွား၏.
ထို့အပြင် သူ့ဥစ္စာကိုမတရားသောနည်းများဖြင့်မရယူပါဘူးဟုဆုံးဖြတ်ထားသူသည်ခိုးဝှက်တိုက်ခိုက်ယူရန်
ကိုလည်း ကြံစည်တော့မည်
မဟုတ်ချေ။ သို့အတွက် အဘိဇ္ဇျာကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်တော့၏ ။
တစ်ဖန်ငါးပါးသီလကိုရိုသေလေးမြတ်စွာစောင့်ထိန်းသူသည်ကံကံ၏အကျိုးကိုယုံကြည်၍စောင့်ထိန်းခြင်းဖြစ်
်သည်။ သို့အတွက်
ကံ-ကံ၏ အကျိုးရှိသည်ကို မယုံကြည်သော မိစ္ဆာဒိဠိကိုလည်း ရှောင်ကြည်ရာ ရောက်၏ ။
ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဘုရားရှင်အဆူဆူတို့၏ အဆုံးအမနှင့် အညီနေထိုင်ခြင်းဖြစ်သည်။ ဒုစရိုက် (၁၀)ပါးကို ရှောင်ကြည်နိုင်လျှင် ကုသိုလ်ရ၍ ၊ ကုသိုလ်ကံများမှ တဆင့် ကောင်းကျိုးချမ်းသာ များစွာကိုလည်း ရရှိမည်ဖြစ်သည်။
ငါးပါးသီလမလုံခြုံလျှင် ဒုစရိုက်ကို ကျုးလွန်ရာ ရောက်သဖြင့် အကုသိုလ်ကံများဖြစ်ပွားကာ အပါယ်သို့ ကျရောက်သွားလိမ့်မည်။
အပါယ်ကျသွားသောသူသည် လူ့ဘဝသို့ ပြန်လည်ရရှိရန်မှာ အလွန်အလွန်ခဲယဉ်းပါသည်။ ဗြဟ္မာပြည်မှ အပ်တစ်စင်းကို ပစ်ချရာတွင်လူ့ပြည်မှာ ထောင်ထားသည့် အပ်တစ်စင်းကို အပ်သွားချင်းထိတိုက်ရန်မှာ လွယ်ကူချေသေး၏။ လူ့ဘဝပြန်လည်ရရှိရန်မှာ ထို့ထက် ခဲယဉ်သေးသည်။ ထို့အပြင် သီလစောင့်ထိန်း
သူသည် သူ့အသက်ကို သတ်ဖို့အခွင့်ကြုံလျှင် မသတ်ဘဲ ရှောင်ကြည်လိုက်သည့် အတွက် သူ့အသက်

ကို ပေးလှူရာရောက်၏။သူ့ဥစ္စာကိုခိုးယူဖို့ကြုံသောအခါ၌လည်းမခိုးမယူသည့်အတွက်သူနှစ်သက်မြတ်နိုးသော သူ့ဥစ္စာကို ပေးလှူရာရောက်၏ ။ သူတစ်ပါး၏ သား၊ မယားကို လွန်ကျုးဖို့ အခွင့်ကြုံလာသည့်အခါ၌လည်း မလွန်ကျုးဘဲရှောင်ကြည်သဖြင့် သူတစ်ပါးတို့ကို စိတ်ပူပင် သောကကင်းစေပြီး ငြိမ်းချမ်းစွာနေထိုင်ရန် အကျိုးဆောင်ပေးရာ ရောက်သည်။ သူတစ်ပါးတို့အား ထိခိုက်နစ်နာစေမည့် မမှန်
မကန်သောစကား ၊ ကုန်ချောသည့်စကား၊ ကြမ်းတမ်းသည့်စကား၊ အကျိုးမရှိသောစကား များကို မပြောမဆိုသည့်အတွက်လည်း လူ လူ ချင်း ဆက်ဆံရာတွင် ယုံမှားသံသယ ကင်းရှင်းပြီး ယုံကြည်စိတ်ချစွာ ဆက်ဆံနိုင်စေသည်။ လူအပေါင်းတို့က သစ္စာမြေပေါ်တွင် ရပ်တည်နေကြလျှင် ရာသီဥတုမှန်ကန်၍ အသီးအနှံများ ပေါများကာ အဆီအနှစ် သြဇာတို့နှင့် ပြည့်စုံကြမည်။ ထို့အပြင် သေရည်အရက် မူးယစ်ဆေးဝါးတို့ကို သောက်စားသုံးဆောင်ခြင်းမှ ရှောင်ရှားကြသည့်အတွက် မှောက်မှောက်မှားမှား ပြုမူဆက်ဆံခြင်းမျိုးလည်း မရှိဘဲအနာရောဂါ ကင်းရှင်းကြလိမ့်မည်။

အပရိမာနာနံ သတ္တာနံ အဘယံဒေတိ
အဝေရံဒေတိ အဗျာပဇ္ဇံဒေတိ ။
" ငါးပါးသီလကို စောင့်ထိန်းခြင်းသည် အတိုင်းမသိ အရေအတွက် ရှိသော သတ္တဝါတို့အား ဘေးမရှိခြင်းကို ပေးလှုရာရောက်၏ ။
ရန်မရှိခြင်းကို ဆောင်ကျဉ်းပေးရာရောက်၏ ။ စိုးရိမ်ကြောင့်ကြမှု မရှိအောင် အကျိုးဆောင်ပေးရာ ရောက်၏ ။"
ထို့ကြောင့် ငါးပါးသီလကို "မဟာဒါန" ဟုခေါ်သည်။
ဤသို့ ငါးပါးသီလကို စောင့်ထိန်းလျှင် လွန်စွာအကျိုးရှိပြီး ၊ မစောင့်ထိန်းလျှင် လွန်စွာအကျိုးယုတ်သည့်အတွက် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းအပ်သော "နိစ္စသီလ" ဟုခေါ်သည် ။ အလေးဂရုပြုအပ်သော ကိုယ်ကျင့်တရား ဖြစ်၍ "ဂရုဓမ္မသီလ" ဟုခေါ်၏ ။
အရိယာသူတော်ကောင်းတို့ အသက်တမျှ ချစ်မြတ်နိုးကြသော သီလဖြစ်၍ "အရိယာကန္တာ သီလ" ဟုလည်းခေါ်ဆို၏ ။ ငါးပါးသီလမလုံခြုံလျှင် ပုဆိုးကျွတ်သွားသည်နှင့်တူသဖြင့် ရှက်စရာ ကောင်းသည်။ ငါးပါးသီလကို အလေးမမူဘဲ လုံးဝမစောင့်ထိန်းလျှင်လုံးဝ အဝတ်မရှိကြသော တိရိစ္ဆာန် များနှင့် တူသွားပေလိမ့်မည်။
"မြတ်စွာဘုရားရဲ့ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်တဲ့ ငါးပါးသီလကို ဒါယကာ ဒါယကာမ တို့ လုံခြုံအောင် စောင့်ထိန်းဖို့ မဟောကြားဘဲ အထက်အထက် တရားတော်ကို ဟောကြားမယ်ဆိုရင် ပုဆိုးမရှိ တဲ့ အမျိုးသားကို တိုက်ပုံအင်္ကျီဝတ်ပေးပြီး ခေါင်းပေါင်း ပေါင်းပေးရာ ရောက်တယ် ၊ ထဘီမရှိတဲ့ အမျိုးသမီးကို မျက်နှာအလှချယ်သပြီး ပန်းပန်ပေးရာ ရောက်တယ် " ဟု အမိန့်ရှိတော်မူတယ် ။
သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင် မိမိတို့ အားလုံးတို့သည် အလှပဆုံး အဆင်တန်ဆာဖြစ်သည့် ငါးပါးသီလကို နှစ်သက်မြတ်နိုးစွာ ထာဝစဉ် ဝတ်ဆင်ကြရန် အထူးလိုအပ်ပါသည်။

0 comments:

Post a Comment