မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်များ



၁။ ဘဝချမ်းသာရေးမှာ စိတ်သာပဓာန၊ စိတ်ကောင်းနေရင် ချမ်းသာမယ် ၊ စိတ်ဆိုးနေရင် ဆင်းရဲမယ် ။

၂။ စစ်ပွဲတစ်ရာ အောင်နိုင်တာထက် မိမိရဲ့ စိတ်ကို အောင်နိုင်တာက ပိုပြီး ကြီးကျယ်မြင့်မြတ်တယ်။
၃။ စိတ်ကို အောင်နိုင်တယ်ဆိုတာ စိတ်ကို ဆိုးညစ်ယုတ်ညံ့အောင် ခြယ်လှယ်နေကြတဲ့ မောဟ၊ လောဘ၊
ဒေါသ စတဲ့ ကိလေသာများကို ပယ်သတ်နိုင်ခြင်း ဖြစ်တယ်။
၎။ ကိလေသာတွေဟာ စိတ်ကို ပူလောင်ပင်ပန်းဆင်းရဲစေကြတဲ့ အတွက် ကိလေသာတွေ ယှဉ်တဲ့ အကု
သိုလ်စိတ်ဖြစ်ရင် ဆင်းရဲမယ်။ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းမြတ်တင့်တယ်တဲ့ စေသတိတ်တွေ ယှဉ်ကြ
တဲ့ အတွက် ချမ်းသာမယ်။
၅။ "ယောနိသောမနသိကာရ" ဆိုတဲ့ သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းမှုရှိရင် ကုသိုလ်စိတ်တွေဖြစ်
မယ်။ မရှိရင် အကုသိုလ်စိတ်တွေ ဖြစ်မယ်။
၆။ အာဂမသုတ- အဓိဂမသုတဆိုတဲ့ ပရိယတ်-ပဋ္ဋိပတ် အသိပညာတွေဦးစီးမှ ယောနိသောမနသိကာရ
ဖြစ်အောင် နှလုံးသွင်းနိုင်ပြီး တကယ်ချမ်းသာတဲ့ ဘဝကို ထူထောင်နိုင်လိမ့်မယ်။
၇။ ကာမဂုဏ်ဆိုတာ အာရုံငါးပါးပါပဲ။ အာရုံနဲ့ ဒွါရ(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်) တို့ ဆုံတွေ့တဲ့ အခါ
" သောမနဿသဟဂုတ် လောဘမူစိတ်" ဖြစ်လို့ နှစ်သက်ခြင်း၊ ချမ်းသာခြင်း(ပီတိ-သောမနဿ)တို့ ဖြစ်
ပေါ်လာတယ်။ ဒီနှစ်သက်ခြင်း၊ချမ်းသာခြင်းတို့ဟာ ကာမဂုဏ်ရဲ့ သာယာဖွယ် ဖြစ်တယ်။
၈။ ကာမဂုဏ်ချမ်းသာဟာ အပူလောင်ဆုံးမီးများဖြစ်ကြတဲ့ တဏှာရာဂ၊ ဒေါသ၊ မောဟ စသည်တို့ ယှဉ်စပ်
နေကြတဲ့ အတွက် ချမ်းသာအစစ်မဟုတ်ဘူး။ မိုးမျှော်ငရုတ်သီးစားရသလို၊ အနုမီးကင်သလို ပူပူလောင်
လောင်ချမ်းသာမျှသာဖြစ်တယ်။
၉။ အာရုံငါးပါးဆိုတာ ရုပ်တရားတွေပဲ။ သက်မဲ့ ရုပ်ဝတ္ထုအားလုံးနဲ့ သက်ရှိသတ္တဝါအားလုံးဟာ မမြဲတဲ့အနိစ္စ
တရား၊ ဆင်းရဲတဲ့ ဒုက္ခတရား ၊ အစိုးမရ အနှစ်မပါတဲ့ အနတ္တတရား၊မတင့်တယ်တဲ့ အသုဘတရားတွေ
သာဖြစ်ကြတယ်။ မောဟက ဒီ အမှန်သဘောတွေကို ဖုံးကွယ်ထားပြီး ပြောင်းပြန်အမှားသဘောတို့ကို
သိမြင်စေတဲ့ အတွက် တဏှာလောဘက ကာမဂုဏ်အာရုံတွေကို တပ်မက်တွယ်တာခြင်း ဖြစ်တယ်။
၁၀။ ကာမတရားတို့ဟာ (၁) အမဲရိုး၊ (၂)အသားတစ်၊(၃)မြက်မီးရှူးတိုင်၊(၄)မီးကျီးခဲတွင်း၊(၅)အိပ်မက်၊
(၆)အငှားပစ္စည်း၊(၇)အသီးပြည့်တဲ့အပင် အသီးသီးနဲ့ ပမာတူကြတယ်။ အနှစ်သာရ ကင်းပြီး ဆင်းရဲပင်
ပန်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။


၁၁။ ကာမဂုဏ်အာရုံတို့မှာ လိုချင်တက်မက်မှုမဖြစ်အောင် ဆုံးမခြင်း၊ လိုချင်တက်မက်မှုကို ပယ်ဖျက်ခြင်း
ဟာ ကာမဂုဏ်တို့မှ ထွက်မြောက်ရာ ဖြစ်တယ်။ ကာမဂုဏ်တို့မှ ထွက်မြောက်နိုင်မှာသာလျှင် ဘဝချမ်း
သာစေကို ရနိုင်မယ်။
၁၂။ ရုပ်နိုင်တို့ရဲ့ အစုအဝေးများဖြစ်ကြတဲ့ သက်ရှိ၊ သက်မဲ့ အရာအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား-ဒုက္ခ
သစ္စာဖြစ်တယ်။ ဆင်းရဲခြင်းကို ဖြစ်စေတဲ့အကြောင်းရင်း အမှန်တရား-သမုဒယသစ္စာက တဏှာ
လောဘဖြစ်တယ်။
၁၃။ တဏှာလောဘနဲ့တကွ ကိလေသာတရားအားလုံးဟာ ဆင်းရဲပင်ပန်းခြင်းကို ဖြစ်ပေါ်စေကြတဲ့အတွက်
ဒီကိလေသာတရားတို့ကို ပယ်သတ်ရေးသည်သာ ဘဝချမ်းသာရေး အစစ်အမှန်ဖြစ်ပေတယ်။ ကာမ
ဂုဏ်ချမ်းသာခံစားခြင်းဟာ ကိလေသာ ပွားစည်းရေးဖြစ်လို့ ဘဝဆင်းရဲရေး လမ်းစဉ်ဖြစ်တယ်။
၁၄။ ဘဝချမ်းသာရေး အစစ်အမှန်ကိုလိုချင်ရင် သူတော်ကောင်းကိုဆည်းကပ်၊သူတော်ကောင်းတရားကို
နားကြားလေ့လာ၊ နိဗ္ဗာန်နဲ့ ဆီလျှော်တဲ့ တရားအကျင့်ကို ကျင့်သုံးရမယ်။ ဒါန၊ သီလ၊ ဘဝနာတို့ကို
အဆင့်ဆင့်တိုးမြင့်ပြီး ကျင့်သုံးရမယ်။
၁၅။ သမထ-ဝိပဿနာဘဝနာ ရှုပွားလို့ ရုပ်တရား နာမ်တရားအကြောင်းတရား၊အကျိုးတရားတို့ရဲ့ အနိစ္စ၊
ဒုက္ခ၊ အနတ္တ၊ အသုဘသဘောမှန်တို့ကို ထင်ထင်ရှားရှားထိုးထွင်းသိမြင်လာတဲ့အခါ မောဟမျက်နှာဖုံး
ကွာကျပြီး သစ္စာလေးပါး ပေါ်လွင်ထင်ရှားလာလို့ အမြင့်မြတ်ဆုံးဘဝချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို
ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်ပြုရပါတော့တယ်။
ဒေါက်တာမင်းတင်မွန်ရဲ့ ဘဝချမ်းသာရေး စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

0 comments:

Post a Comment