အမှောင်သွား အလင်းသွား


ပုဂ္ဂိုလ်လေးမျိုးကို လိုက်နာကျင့်သူနိုင်ဖို့ ဖေါ်ပြလိုပါသည်။ မိမိတို့ နေထိုင်သည့်လောကတွင်ရှိသည့် ဤဖေါ်ပြပါ ပုဂ္ဂိုလ်လေးမျိုးတွင်မိမိ ဘယ်သို့ သောပုဂ္ဂိုလ်အမျိုးစားတွင်ပါသည်ကို မိမိကိုယ်မိမိ ဆုံးဖြတ်ပါ။ ထိုလေးမျိုးကား ..


(၁)အမှောင်မှ အမှောင်သွားမည့်သူ၊
(၂)အမှောင်မှ အလင်းသွားမည့်သူ၊
(၃)အလင်းမှ အမှောင်သွားမည့်သူ၊
(၄)အလင်းမှ အလင်းသွားမည့်သူ၊

(၁) အမှောင်မှ အမှောင်သွားမည့်သူဟူသည်...

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသူသည် ကိုယ်နှုတ်စိတ်ဖြင် မကောင်းမှုကိုပြု၏။ ကံနှင့်ကံအကျိုးကိုမယုံ၊ အတောင်းအရမ်းလာသူများကို မပေးသည့်အပြင် ဆဲလိုက်သေး၏။ ပေးနေသည်ကို တွေ့ လျှင် တားမြစ်၏။ ဤသူသည်သေလျှင် အပါယ်လေးပါးသို့ သွားရမည်ဖြစ်သောကြောင့် မှောင်နေသောယခုဘ၀မှ မှောင်သော နောက်ဘ၀သို့ သွားရမည့် အမှောင်မှ အမှောင်သွာပုဂ္ဂိုလ်ဖြစ်ရလေသည်။

(၂) အမှောင်မှ အလင်းသွားမည့်သူဟူသည်....

ဤလောက၌ အချို့ သူသည် အစားအသောက်အတွက်ခက်ခက်ခဲခဲရှာဖွေ၍ ဆင်းရဲအောက်ကျသောအမျိုး၌ဖြစ်ရ၏၊ ရုပ်အဆင်း လည်းဆိုးဝါး၏၊ ကျန်းမာရေးလည်းမကောင်းလှ၊ ဤသို့ ဖြစ်သူကို မှောင်နေသူဟုခေါ်သည်။ ထိုသို့ မှောင်နေသော်လည်း ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အမှောင်မှ အလင်းသွားမည့်သူဖြစ်သည်။


(၃) အလင်းမှ အမှောင်သွားမည့်သူဟူသည်.....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ထိုသူသည် မကောင်းမှုဒုစရိုက်တို့ ကိုပြု၏။ ကံနှင့်ကံ၏အကျိုးကို မယုံကြည်။ အတောင်းရမ်းလာသူတို့ အား မပေးသည့်အပြင်ဆဲရေး၏။ သူတပါးပေးနေသည်ကိုလည်းတားမြစ်၏။ ဤသူသည် သေလျှင်အပါယ်လေးပါးသို့ သွားမည့်သူဖြစ်သောကြောင့် အလင်းမှ အမှောင်သို့ သွားမည့်သူဖြစ်ရလေသည်။

(၄) အလင်းမှအလင်းသွားမည့်သူဟူသည်....

အချို့ သူသည် ဥစ္စာစည်းစိမ်ဂုဏ်သိရ် ပြည့်ဖြိုးသော အထက်တန်း၌ ဖြစ်ရ၏။ ရုပ်အဆင်းလည်းလှ၏။ ကျန်းမာခြင်းလည်း ကောင်း၏။ ဤသို့ ပြည့်စုံနေသူကို အလင်းနေသူဟုဆိုရ၏။ ကံနှင့်ကံ၏ အကျိုးကိုယုံကြည်၏။ နှမြောဝန်တိုခြင်းမရှိ။ ဒုစရိုက်မျာကိုရှောင်ရှား၍ သုစရိုက်များကိုပြုကျင့်၏။ ရဟန်းသံဃာများ ကိုလည်းရိုသေဆည်းကပ်၏။ တောင်းရမ်းလာသူတို့ အား ကိုယ်တိုင်လည်းပေး၏ သူတပါးပေးနေသည်ကိုလည်း ၀မ်းမြောက်၏။ ဤသူသည်သေသောအခါ ကောင်းသောဘ၀သို့ ရောက်ရမသည်သူဖြစ်သောကြောင့် အလင်းမှအလင်းသို့ သွားမည့်သူဖြစ်သည်။

0 comments:

Post a Comment