အလှဆုံး အဆင်တန်ဆာ


သီလ လုံခြုံသူသည် စိတ်ထားဖြုစင်မြင့်မြတ်သည့်အတွက် သူ၏ အသားေ၇သည် စိုပြေဝင်းဝါ၍ မျက်နှာသည် တက်နေဝန်းပမာ
ကျက်သရေရှိလှ၏။ သီလမရှိသူသည် မည်မျှလှပအောင် ဆင်မြန်းထားသည်ဖြစ်စေ ၊ စိတ်ထားပုတ်လျှင် မျက်နှာလည်း ပုတ်သိုးသိုးဖြစ်နေမည်ဖြစ်၍ လှပတင့်တယ်မည် မဟုတ်ချေ ။ သီလမရှိသူက ရေမွေးအမျိုးမျိုးကို အသုံးပြု၍ ကိုယ်ကိုဆွတ်ဖြန်းထားလျှင်လည်းချွေးထွက်လာသည့်အခါ နံစော်သောအနံ့ကို ဖုံးကွယ်ထားနိုင်မည်မဟုတ်ချေ။ နတ်များသည် သီလ မလုံသူတို့၏ ကိုယ်ရနံ့ကို ယူဇနာတစ်ရာ၊ မိုင်(၈၀၀) ခန့် အကွာအဝေးမှပင်လျှင် နံစော်ကြသည်ဟု ဆို၏။ သီလလုံခြုံသူ၏ ကိုယ်ရနံကား နတ်တို့ ချစ်ခင် နှစ်သက်ကြ၏။
သို့အတွက် သီလသည် ပျိုပျိုအိုအို အရွယ်မရွေး ၊ လူမျိုးမရွေး၊ ဘာသာမရွှေး ဆင်မြန်းနိုင်သော အလှဆုံး အဆင်တန်ဆာဖြစ်၏။လောအောက်လေညာ ထက်ဝန်းကျင် ပျံနှံ၍ နတ်ပြည်အထိ သင်းပျံကြိုင်လှိုင်သော အမွှေးနံ့သာ လည်း ဖြစ်၏။သီလသည် အိုမင်းသည်တိုင်အောင် စိတ်ချမ်းသာ အေးမြစေပြီး ကျက်သရေ အရှိဆုံး အဆင်တန်ဆာဖြစ်ပေသတည်း။

ပန်းရနံ့သည် လောညာသို့ မသွား၊ စန္ဒကူးအနံ့ ၊ တောင်စလပ်ပန်းအနံ့ ၊ စပယ်ကြက်ရုံးပန်းအနံ့တို့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လောညာသို့ သွား၏ ။ သူတော်ကောင်တို့၏ ဂုဏ်သတင်းသည် အ၇ပ်မျက်နှာာအားလုံးသို့ ပျံနှံလှိုင်ကြူ၏ ။


စန္ဒာကူးအနံ့သည်လည်ကောင်း၊တောင်ဇလပ်ပန်းအနံ့သည်လည်ကောင်း၊မြတ်လေးပန်းအနံ့သည်လည်ကောင်းရှိ၏။ ထိုပန်းရနံ့ အမျိုးမျိုးထက် သီလ အနံ့သည်သာ အတုမရှိမြတ်၏ ။
တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက်ချေ၊ အနည်းငယ်မျှသာဖြစ်၏။ သီလရှိသော သူတို့၏ သီလအနံ့သည် ကားထူးကဲလွန်မြတ်သည် ဖြစ်၍ နတ်ပြည်သို့တိုင်အောင် ကြိုင်လှိုင်၏။

0 comments:

Post a Comment